2072007 ရဲ့ မှတ်တမ်း -



2072007 ရဲ့ မှတ်တမ်း -

ညနေရောက်တော့ ဒီနေ့ သောကြာနေ့ဆိုတာ ကို ပုံစံတစ်မျိုးနဲ့ သတိရသွားပါတယ် ။ အဲဒါက ဆရာ လာမှာပါ ။ ( နောက်တစ်မျိုးက သူငယ်ချင်းလေး ဖြူ မနက်ဖြန် ပြန်မှာပါ - စင်္ကပူကို ပါ သူကို အပြန် မုန့်တစ်ချို့ ဝယ်ပေးထားတာ သွားပေးချင်ပါတယ် ။ ဒါပေမယ် စာသင်မဲ့ဆရာက လာမှာဆိုတော့ မနက် ကျမှ စောစောသွားပို့မယ်ပေါ့ ။ မနက်ကျရင်လဲ အဆင်ပြေမယ့်ပုံ မပေါ်ပါဘူး ကျူရှင်ကရှိပါသေးတယ် ။ English စာက 7-00 တက်ရတာပါ ။ ( မတက်တာ အိမ်ကသိရင်လဲ ပြောခံရပါဦးမယ် ။ ) ဆရာကို လဲ ခွင်မတိုင်ချင်တော့တာနဲ့၊ မနက် စောစော သွားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ပြီးတော့မှ ဆရာက ကိစ်စ ပေါ်လာလို့ မလာနိုင်တော့ပါဘူးတဲ့ ၊ ဆရာဆိုတော့ လဲ စိတ်ကတိုလို့မရ ။ ကျမ အိမ်ကို 8 ကျော်မှပြန်ရောက်ပါတယ် ။ အိမ်ရောက်တော့ အဆူခံရပါသေးတယ် နောက်ကျမှုနဲ့ပါ ။ သောကြာနေ့ဆို ပုံမှန် 7-10 လောက်ရောက်နေကြဆိုတော့ စိတ်နဲနဲ ပူသွားတယ်နဲ့တူပါတယ် ၊ ကျမလဲ ပြန်ခါနီးတော့ စိတ်နဲ့နဲ့ ရှည်နေတာနဲ့ Phone မဆက်ဖြစ်လိုက်ပါဘူး ။ ဘယ်တာကို ဒေါသထွက်ရမှန်းလဲမသိပါဘူး ။ စိတ်ရှည်နေတာရယ် ၊ အိမ်ပြန်ဖို့နောက်ကျနေတာရယ်နဲ့ အိမ်ရောက်မှ သတိရလိုက်တာက ဖြူလေးဖို့ ၀ယ်ထားတဲ့ မုန့် ထုတ်တွေ ရုံးမှာ ကျန်ခဲ့တာပါပဲ ။ ရှင်ချင်ပါတယ် ။ ရုံးကမနက် အစော ဆုံး 8-00 မှ ဖွင့်မှာပါ ၊ မမှီတော့ပါဘူး ။ ဖြူလေးရေ မြတ်မင်းစံ ကတော့
MMS မပီသတော့မှဆိုးလို့ လွဲလိုက်တာပါပေါ့ ။ ဖုန်းဆက်လိုက်ပါတယ် ၊ ဖြူကတော့ ရပါတယ် mms ရယ်ပေါ့ မလိုပါဘူးပေါ့ ။

ဖြူလေး ကပြန်လာပြီး တစ်ပတ်ပဲနေတော့ သေသေချာချာ မတွေလိုက်ရပါဘူး ၊ သူကျမကို တွေချင်တယ် ပြောတုံးက လဲ Sunday ကို ညနေပိုင်း ဆိုတော့ ကျမ မအားပါဘူး စာသင်စရာရှိပါတယ် 7-30 လောက်မှ အိမ်ကို လာပါပေါ့ ( အဲဒိနေ့က ဆရာက မအားလို့ မလာပါဘူး ) ။ ဖြူလေးလာတုံးက ဆရာမလာမှန်းမသိပါဘူး အဲဒါကြောင့် သူကို MMS ရုံးက ပြန်တဲ့ တစ်ရက်ဆက်ဆက် လာတွေ့မယ်ပါ့မယ်ပေါ့ ၊ သူလဲ ခဏလေးနေပြီးပြန်သွားပါတယ် ကျမမအားဘူးဆိုတော့ စိတ်တော့ နဲနဲ ဆိုးသွားမှာပေါ့ ။ ရန်ကုန်ပြန်လာရင် သူကို မုန်လိုက်ကျွေးမယ်ပြောထားပြီးသားပါ ။ ကျမရဲ့ ပျက်ကွက်မှုတွေ များနေပါပြီ။
ဒီသူငယ်ချင်းလေးတွေက ဘယ်လို မှ ပြန် ရှာလို့ မရတော့တဲ့ သူငယ်ချင်းလေးတွေပါ။ သူတို့က ကျမရစ်သမျှကို ပြုံးပြုံးလေးနဲ့ သဲငြီး ခံပြီး ကျမ ကို ဖေးမအားပေးခဲ့တဲ့ ကျမရဲ့ Same Batch လေးတွေပါ။ ကျမ သူတို့ရဲ့ နွေးထွေးမှုတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး ။

Comments

Popular posts from this blog

တစ်နေ့စာအလွဲများ