Posts

Showing posts from 2007

:D

Image
ကျမ ရစ်တဲ့ အကျင့် ကိုပြင် မှ အဆင်ပြေမဲ အကြောင်းလေးတွေက ရှိလာပါပြီ ၊ ဒါကြောင့်ရစ်တဲ့ အကျင့် ဒီနေ့ တင် အပြီးမေ့လိုက်ပါပြီ ။ :D မယုံ ရင်တော့ မတတ်နိုင်ဘူးပေါ့လေ ။

2072007 ရဲ့ မှတ်တမ်း -

Image
2072007 ရဲ့ မှတ်တမ်း - ညနေရောက်တော့ ဒီနေ့ သောကြာနေ့ဆိုတာ ကို ပုံစံတစ်မျိုးနဲ့ သတိရသွားပါတယ် ။ အဲဒါက ဆရာ လာမှာပါ ။ ( နောက်တစ်မျိုးက သူငယ်ချင်းလေး ဖြူ မနက်ဖြန် ပြန်မှာပါ - စင်္ကပူကို ပါ သူကို အပြန် မုန့်တစ်ချို့ ဝယ်ပေးထားတာ သွားပေးချင်ပါတယ် ။ ဒါပေမယ် စာသင်မဲ့ဆရာက လာမှာဆိုတော့ မနက် ကျမှ စောစောသွားပို့မယ်ပေါ့ ။ မနက်ကျရင်လဲ အဆင်ပြေမယ့်ပုံ မပေါ်ပါဘူး ကျူရှင်ကရှိပါသေးတယ် ။ English စာက 7-00 တက်ရတာပါ ။ ( မတက်တာ အိမ်ကသိရင်လဲ ပြောခံရပါဦးမယ် ။ ) ဆရာကို လဲ ခွင်မတိုင်ချင်တော့တာနဲ့၊ မနက် စောစော သွားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ပြီးတော့မှ ဆရာက ကိစ်စ ပေါ်လာလို့ မလာနိုင်တော့ပါဘူးတဲ့ ၊ ဆရာဆိုတော့ လဲ စိတ်ကတိုလို့မရ ။ ကျမ အိမ်ကို 8 ကျော်မှပြန်ရောက်ပါတယ် ။ အိမ်ရောက်တော့ အဆူခံရပါသေးတယ် နောက်ကျမှုနဲ့ပါ ။ သောကြာနေ့ဆို ပုံမှန် 7-10 လောက်ရောက်နေကြဆိုတော့ စိတ်နဲနဲ ပူသွားတယ်နဲ့တူပါတယ် ၊ ကျမလဲ ပြန်ခါနီးတော့ စိတ်နဲ့နဲ့ ရှည်နေတာနဲ့ Phone မဆက်ဖြစ်လိုက်ပါဘူး ။ ဘယ်တာကို ဒေါသထွက်ရမှန်းလဲမသိပါဘူး ။ စိတ်ရှည်နေတာရယ် ၊ အိမ်ပြန်ဖို့နောက်ကျနေတာရယ်နဲ့ အိမ်ရောက်မှ သတိရလိုက်တာက ဖြူလေးဖို့ ၀ယ်ထားတဲ့ မုန့် ထုတ်တွေ ရုံးမှာ

ဇာတ်လမ်းကတော့ စပါပြီ ( 19-7-2007 )

Image
ဇာတ်လမ်းကတော့ စပါပြီ ( 19-7-2007 ) ကျမ မနေ့က ရှာရှည်ပြီးအလုပ်လာမိပါတယ် ။ အာဇာနည်နေ့မှာပါ ကိုယ်ကထွက်တော့မှာဆိုတော့လဲ Handover ကိုပြည့်ပြည့်စုံစုံ လုပ်ခဲ့ချင်တာလဲပါပါတယ် ။ အဲဒါနဲ့ လာလိုက်တာပါ ။ ဒီရောက်တော့ ကိုယ် မမျှော်လင့်ထားတဲ့ ပြသနာသေးသေးလေးတွေကို စရှင်းရပါတယ် ။ ဒါတွေကနေ့စဉ်ဖြစ်နေကြပါ။ ပြသနာမရှိပါဘူး … အဲဒိလိုနဲ့ 12-30 PM ကိုရောက်သွားပါတယ် ။ ကျမ ဒီနေ့ ဒီကိုလာရတဲ့ အကြောင်းအရင်း က September လရဲ့ Drivation ( ကျမတို့က လစဉ် လုပ်ပါတယ် ) ကို run လို့ ရအောင် All Branch ရဲ့ Database ကို Prepare လာလုပ်တာပါ ။ ( Backup ယူထားတဲ့ Harddisk တွေကထဲ ကနေ အရင်ဆုံး September လအတွက် စုပါတယ် Harddisk တစ်လုံးထဲကိုပါ ။ ) ကျမနဲ့ တွဲပြီး Handover လုပ်နေတဲ့ ညီမလေး က 12-30 မှရောက်မှာပါ ။ သူကို သင်ပေးချင်တာနဲ့ ကျမ စောင့်နေလိုက်လိုက်ပါတယ် ။ သူရောက်လာတဲ့ အချိန်မှာ Backup စုတာ WareHouse တစ်ခုပဲကျန်ပါတော့တယ် ။ အဲဒိအချိန်မှာ မမ ရဲ့ ဖုန်း လာပါတယ် ……….. သူမနက်ဖြန် Training ပေးစရာရှိလို့ POS ကို ပြင်ဆင်ပေးထားပါတဲ့ ။ အဲဒါနဲ့ ကျမ ညီမလေးကို ခေါ်ပြီးတစ်ခါတဲ သင်ရင်း လုပ်ပါတယ် ။ ကျမ စေတနာ ကြောင့်သာ ကျမ ဒီနေ့ ဒုက်ခ မရောက်ခဲ့တာ

တစ်နေ့စာအလွဲများ

တစ်နေ့စာအလွဲများ ဒီနေ( 16-7-2007) Daon Centre ကို မနက် 7-50 ကထဲကရောက်နေပါတယ်။ မနေ့ က မမ အိမ်ကို ဖုန်းဆက်ပြီး ရုံးချုပ်ကို မသွားပဲ အဲဒိကို တန်းသွားခိုင်းလို့ပါ။ (သူက ဖြစ်နိုင်ရင် ညကထဲက သွားပြီး လုပ်စေချင်တာပါ ….. မြတ်သွားနိုင်ရင် အမ ကားလွတ်လိုက်မယ်တဲ့ - ကျမက အိမ်မှာပါ အဲဒိအချိန် ကျမ စိတ်ရှုပ်နေပါတယ် စိတ်လဲ နဲနဲ တို နေပါတယ် …ကျမရဲ့ personalကြောင့်ပါ -- Off လဲ Off ရက်ဆိုတော့ ငြင်းလိုက်ပါတယ် --- မမကို လဲ မေးလိုက်ပါတယ် မမ ဘယ်မှာလဲပေါ့ သူ သာ Dagon မှာ ဆိုရင် ကျမ မသွားချင်လဲ အားနာတာနဲ့ သွားရမှာပါ ဒါပေမယ် သူက Home မှာ ပါတဲ့ အဲဒိတော့ ငြင်းလို့ကောင်းသွားတာပေါ့….. ) Order တွေ မှာ error တက်လို့ပါ ….. အဲဒါနဲ့ ဒီနေ့မနက်ရောက်တော့ Dagon Centre ( City Mart ) တံခါးဖွင့်လို့ မရသေးပါဘူး ခါတိုင်းက 8-00 ဆိုဖွင်တာပါ ၊ ဒီနေ့တော့ သော့က အဆင်မပြေလို့ 8-45 လောက်မှ ဖွင့်ရပါတယ် ၊ အပြင်မှာ 45 min လောက်ရပ်စောင့်လိုက်ရပါတယ် ။ စိတ်က ရှည်သွားပါတယ် ။ သော့ရောက်ပြီး တံခါးဖွင့်ပြီးရုံရှိသေးတယ် … မမ ဆီက ဖုန်းလာပါတယ် ။ ဘာကြောင်ဖြစ်တာလဲ ဆိုတာ သိပြီလားပေါ့။ ကျမ အခုမှ ကြည့်ရမှာ ဖြစ်ကြောင်းနဲ့ ဘာမှ မသိသေးကြောင်းပြောပြီး ဖုန်းခ

Take me to your heart...

ဒီသူချင်းလေးကို ကျမ အရမ်း ကြိုက်ပါတယ်။ ကျမကို သူငယ်ချင်း တစ်ယောက် ကပို့ပေးလိုက်တာပါ။ ပို့ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ http://www.petalia.org/Media/takemetoyourheart.swf

Handover လုပ်ဖို့လူရပါပြီ ။

Image
Handover လုပ်ဖို့လူရပါပြီ ။ ပျော်လိုက်တာ အရမ်းပဲ …သေချာသွားလို့ပါ အလုပ် ထွက်ရတာ နောက်ဆံတင်းစရာမလို့တော့ဘူးလေ။ ကျမသေသေချာချာ လွှဲမှာပါ။ ကျမ ကို Handover လွှဲတုံးကအတွေ့အကြုံ့ အရ လွှဲတဲ့ ဟာ အားလုံးကို ပြောပြတဲ့သူရော လက်ခံတဲ့သူရော လက်မှတ်ထိုးစေချင်ပါတယ်။ အဲဒါကြောင့် ကျမ အလှည့် ကျတော့ သူတို့ ပြောစရာ မလိုအောင်အလိုက်တသိ နဲ့ ကျမပြောတဲ့ အကြောင်းအရာ အအားလုံးကို လက်ခံတဲ့သူကို လိုက်ရေးခိုင်းပါတယ် သူ ကို နားလည် ရင် လက်မှတ်ထိုးခိုင်းပါတယ် ။ ကျမသေသေချာချာ လုပ်တာပါ တော် ကြာ ထွက်သွားမှ တောင်ပြော မြောက်ပြော ပြောမှာစိုးလို့ပါ…. ဒီလောက်သေသေချာချာ ရှင်းပြနေတာတောင် ကျမကို ကျမလူကြီးက ရက်တိုတိုအတွင်းလွှဲရ လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အသစ်နေသားကျတဲ့ အထိ လက်တွဲပေးပါပေါ့ တော်ပါပြီ မမ ရယ် ပေါ့ ။ မြတ်သေသေချာချာ ပြောပြပါ့မယ် ပေါ့ ၊ ညီမလေးကလဲ တော်ပါတယ် ပေါ့ ( အသစ်ကလေးက ကျမထက်ငယ်ပါတယ် )။ သေသေချာချာ ပြောပြခဲ့ပါ့မယ်ပေါ့။ နောက် ဘယ်လို့မှ ပြောမရတဲ့ အဆုံး မြတ် လုပ် မဲဟာမှန်သမျှ Hanover လက်ခံတဲ့ ညီမလေးကို ပေးလုပ်ပါ ( သူပေးလုပ်ခိုင်းတဲ့ ပုံ့စံက ကျမကလုပ်ချင်တာမှန်သမျှပြော သူက စက်ရှေ့မှာ ထိုင် ကျမပြောတဲ့ အတိုင်း Mouse ကို Pres
Image
အခု အလုပ်မှာ လူဟောင်းထဲကဆိုလို့ ကျမပဲ ရှိပါတယ် … City Mart ဆိုင်တွေနဲ့ ပက်သက်တဲ့ Problem ကို ရှင်းမဲ့အပိုင်းမှာဆိုရင်ပါ။ Ocean နဲ့ပက်သက်ရင်တော့ ၂ ယောက်ရှိပါတယ် ။ကျမရဲ့ ညဘက် လုပ်ရတဲ့ ပုံမှန် Task တစ်ချို့ကို အဲဒိနှစ်ယောက်ထဲ ကတစ်ယောက် ကကူလုပ်ပေးနေတာပါ။ သူက Evening ပိုင်းတာဝန်ယူရတာပါ… Hardware နဲ့ ပက်သက်ရင်တော့ လူသစ်တွေလုံလုံလောက်လောက်ရောက်နေပါပြီ။ ကျမတို့ Database-( Software) ဘက်မှာသာ လူမလောက်တာပါ။ လူရှာနေတယ် ဆိုတဲ့ Status မှာတင် ရပ်နေတာ တော်တော်ကြာပါပြီ ။ ( ကျမကလဲ ဒီလကုန်ရင် ထွက်မှာဆိုတော့ ….) လူမရှိတော့ ပြသနာတက်ပြီဆို ညဘက်လဲ ကိုယ်ပဲ နေ့ဘက်လဲ ကိုယ်ဘဲ နေရပါတယ် ။ ပင်ပန်းလာပါတယ် ……….. ပင်ပန်းတော့ ခဏခဏဖျားပါတယ် … ။ ဇွန် လ၀က်လောက်ကတစ်ခါဖျားပါတယ် .. ပြီးတော့ လကုန်မှာ Backup ယူလိုက်တာကလဲ Branch နှစ်ခု က Connection မရတော့ ကားနဲ့သွား Headoffice ကိုပြန်လာနဲ့ မနက် ၄ နာရီ ထိုးမှပြီသွားပါတယ် ။ နောက်နေ့ကျတော့ လဲ Drivation run ဖို့ လုပ်ရနဲ့ စိတ်ရှုပ်လာပါတယ် ။ ဒီကြားထဲ Database အပိုင်းက တစ်ယောက် က ရုပ်တစ်ရက် ထွက်သွားပါတယ် သူက ပုံမှန် ညနေပိုင်းတာဝန်တွေလုပ်တာပါ။ အခုသူမရှိတော့ အလိုလို ကျမတာဝန်ဖြစ်သွားပါ

What should i do!

Image
ကျမ ဘာလုပ်ရင်ကောင်းမလဲ။ အမှန်အတိုင်းကိုယ်ကိုယ် ကို ဝေဖန်ရရင်တော့ ယုံကြည်မှု နည်းသေးပါတယ်။ ဘာမှသေသေချာချာ မသိသေးပါဘူး ………. အိမ်ကပိုက်ဆံထုတ်ပေးတော့လဲ အဆင်မပြေမှာစိုးလို့ မလိုက် ရဲ ( စင်္ကပူကို ဒီလ 28ရက်နေ့မှာ ကျမသူငယ်ချင်းတစ်ယောက် သွားမှာပါ အရင်က သူနဲ့ လိုက်ဖို့ ကို လုပ်နေတာပါ ။ အလုက်ကတစ်ဖက်နဲ့ ဆိုတော့ ( ဆိုင်တော့ မဆိုင်ပါဘူး စာမေးပွဲ ဖြေတာက လဲ မပြီး……… ဖြေတော့လဲ အဆင်မပြေ.. ) ) အလုပ်ကထွက်ဖို့ကြတော့ လဲမထွက်ချင် …… အလုပ်ကမထွက်လို့ အိမ်ပြန်ရောက်တော့ Testing လုပ်နိုင်လားဆိုတော့လဲ မလုပ်နိုင် သေသင့်တဲ့ သူထဲမှာ ကျမပါတယ်။ အလုပ်မထွက်နိုင်လောက် အောင် လခ ကအရမ်းကောင်းနေလို့လားမေးရင်တော့ …….. ဟဲဟဲ - အခုလောလော ဆယ်အိမ်ကကျွေးထားတာပါ………… ကားခတော့ ကိုယ်ပိုက်ဆံ နဲ့ ကိုယ်သုံပါပါယ်………………. အခုအလုပ်က အတူတွဲလုပ်တဲ့ အမတစ်ယောက် ကထွက်တော့မှာပါ။ နောက်လ ၆ ရက်နေ့လို့ပြောပါတယ်။ သူထွက်ရင် MIT ဘက်မှာ ကျမတစ်ယောက်ထဲ ကျန်ခဲ့မှာပါ. ကျမတို့ Department Head ကပြောပါတယ်။ ကျမကို အလုပ်မထွက်ဖို့ တစ်နှစ်အနည်းဆုံးလုပ်ဖို့ လုပ်မယ်ဆိုရင် Rank ကိုတိုးပေးမယ်ပေါ့……….. တစ်နှစ်မလုပ်နိုင်ရင် သူလူသစ်တစ်ယောက် ထပ်ခန့်မယ်ဆိုတာရယ် အဲဒိလူရဲ့
Image
နေကောင်းကြမယ်ထင်ပါတယ်.......... သူငယ်ချင်းအကုန်လုံး ကိုအရမ်းသတိရပါတယ်.............. ကျမ ကျောင်းလေးလျောက်ချင်တာနဲ့ လိုအပ်တဲ့ Documeantation တွေလုပ်ရပါတယ် ............. အဲဒါနဲ့ နေပြည်တော်ကိုတစ်ခေါက်သွား ရပါတယ် ..................... နေပြည်တော်ကတော်တော်စည်တာပါနော် .............. ........ အဲဒိကို သွားတဲ့ ကားခက 5500 ပါ .. ရွှေမန်းသူ ပါ........ ကားကတော်တော်ကောင်းပါတယ် ............... ဒီကနေ 6:30 ထွက်ပါတယ် . ဟိုကို 4:00 မထိုးခင်ရောက်ပါတယ် ......... လာကြိုတဲ့ အကိုကအိပ်ပျော်နေပါတယ် ........... ရောက်မလာပါဘူး .......... ဆိုင်ကယ် Taxi တွေကတစ်ယောက်ပြီးတစ်ယောက် လာမေးပါတယ် ................. ကြောက်တောင်ကြောက်လာပါတယ် ..... အဲဒါနဲ့ 5:30 လောက်မှာ ရောက်လာပါတယ် .......................... သူအိပ်ပျော်သွားတယ်ဆိုတဲ့အကြောင်းနဲ့ ဘာစားမလဲပေါ့ ................. ဘာမမစားတော့ပါဘူးပေါ့ ...... အမှန်တော့ စားချင်ပါတယ် ၊ ဗိုက်ကစာနေပါပြီ စိတ်ဆိုးနေတာနဲ့ မစားတော့ ဘူးပေါ့ ............. အဲဒါ နင်မစားလဲနေ ငါကတော့ စားမယ်ဆိုတာနဲ့ Coffee သောက်လိုက်ပါတယ် ..........................
Image
ကျမ မနက်ဖြန်ဆို ရန်ကုန်မှာ မရှိပါဘူး........... ကျမ ဘိုးဘိုးရှိတဲ့ ရွှေကျင်ကိုပြန်မှာပါ................. အလုပ်မလုပ်ခင်ကတော့ သင်္ကြဆို ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့ လည်ကြ ... ရေပက်ကြနဲ့ပေါ့ ................ ဒီနှစ်လဲ ထက်ထက်တို့က မပြန်ဖို့ပြောပါတယ်.. ကျမကတော့ ပြန်လဲပြန်ချင် မပြန်လဲမပြန်ချင်နဲ့ ................... ပြန်လိုက်ပါမယ် ....................................... ဖိုးဖိုးက တွေချင်နေတာ.............. ကျမလဲ မုန့်ဖိုးရတာပေါ့................... :Dီ
Image
ကျမကို Myarnmar Inspiration က ပြောပါတယ် သူတို့ ပြန်ဖြေဖို့ ခွင့်မပြုနိုင်ပါဘူးတဲ့ ကျမဘာမှမပြောချင်တော့ပါဘူး ..... ပြန်ဖြေရုံပဲပေါ့..................... အောက်ကသူတို့ပြန်ပို့ပေးထားတဲ့ mail နဲ့ ကျမ ပို့တဲ့ mail ပါ............. စိတ်ဝင်စားရင်ဖတ်လို့ ရအောင်လို့ပါ.......................... -----Original Message----- From: Lin Ye Htun Sent: Sunday, April 01, 2007 8:48 PM To: 'myatminsan@gmail.com' Cc: Zar Phyu Myint; Hla Myo Htun Subject: RE: Pls kindly see my following letter Dear Myat, I'm sorry to hear your "story" regarding the exam. However, I am rather baffle by your questions to Microsoft regarding their "marking" (scoring) process as I don't see how that is relevant to your issue. It is quite clear from your email that it was a technical failure (if indeed these failure occurred in such a way that you have described). I have asked my colleagues in Yangon office to update me on whether the failure was on our part, the part of Prometric software or
Image
ဘာမှလဲ E-mail မပြန်ဘူး................... Microsoft ရေ.............................

ကျမရဲ့ 431 အမှတ်လေး...........

ကျမစာမေးပွဲတစ်ခုဖြေပါတယ် ။ ကျမကအရမ်း စိတ်ပူတတ်တဲ့သူပါ .............. ၊ ဒီစာမေးပွဲကို ကျမက အမှတ်အပြည့်နဲ့ အောင်ချင်ခဲ့တာပါ ။ အဲဒါကြောင့်လဲ ကျမသေသေချာချာ practice လုပ်ခဲ့ပါတယ်။ VCE တွေကိုရှာပြီး အစမ်းကို လဲခဏခဏ ဖြေခဲ့ပါတယ် ။ တစ်ညကို 1000 သုံးကြိမ်ဆက်တိုက်မရရင် မအိပ်ပါဘူး ။ နောက်ဆုံးမှာ ကျမအဲဒိ VCE တွေကို မေးခွန်းဖတ်စရာမလိုအောင် အဖြေတွေကို အလွတ်ရနေခဲ့ပါတယ် ။ ဒါပေမယ့် Simulation တွေကိုတော့ SQL 2005 နဲ့ မလေ့ကျင့်မိပါဘူး SQL2000 နဲ့ပဲ လေ့ကျင့်ခဲပါတယ် ။ နောက်တော့ ကျမရဲ့သူငယ်ချင်းလေးက သူအရင်ဖြေပြီးစာမေးပွဲ အခြေအနေကို ပြောပြပါတယ်။ OK တယ်ပေါ့ ..... သူ 1000 ရပါတယ်။ ကျမလည်း နောက်နှစ်ရက် အကြာမှာ ကျမဖြေပါတယ် ။ multiple choice တွေဖြေတုံးကတော့ ဟုတ်နေတာပါပဲ ကျမ 35 ပုဒ်ဖြေပါတယ်........... အကုန်ရပါတယ်။ ဒါပေမယ် Simulation ရောက်တော့ ပြသနာတက်ပါတယ် .................................... ဒုတယအပုဒ်ကိုစဖြေတော့ ကျမရဲ့ exam account ကနေ ထွက်သွားပါတယ် .........စစချင်းဆိုတော့ အရမ်းလန့်သွားပါတယ်............. Exam Centre Staff ရောက်လာပြီး Simulation ဖြေရင်အဲလိုဖြစ်တတ် ကြောင်းနဲ့ ကျမရဲ့ account ကိုပြန်ဝင်ပေး
Image
ကျမရဲ့သူငယ်ချင်းလေး တွေက တစ်ယောက်တစ်နေရာစီမှာဆိုတော့ သူတို့ ကျမရဲ့ ပန်းခြံလေးကိုဝင်ကြည့်လိုက်တာနဲ့ ပြန်ပြီသတိရစေချင်တာနဲ့တင်ထားလိုက်တာပါ ။ ကျမနဲ့ ဒီထဲကတစ်ယောက်ပဲ မြန်မာပြည်မှာရှိတော့တာပါ ။ ကျန်တဲ့သူတွေက တစ်ယောက်တစ်နေရာစီမှာပါ ။ သူတို့နဲ့ နေခဲ့တဲ့အချိန်လေးတွေကို ခဏခဏ သတိရမိပါတယ်။ လမ်း-၄၀ ပတ်ဝန်းကျင် ရောက်ရင်လဲ သူတို့နဲ့အတူ သတိရစရာလေးတွေကိုသတိရမိပါတယ်။